ဆားလင်းကြီး ၂၆ စက်တင်ဘာ
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တိုင်ထောင်ပဲ (ခေါ်) ပဲသီးကို မိသားစု စီးပွားရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအခါ တိုင်ထောင်ပဲဈေးကောင်းရ၍ အဆင်ပြေလျှက်ရှိကြောင်းသိရသည်။
စိုက်ပျိုးရေး လုပ်ကိုင်သူ ဦးအေးမောင်က “မြေယာမရှိတော့ သူများမြေငှားပြီး စိုက်တယ် ။ နှစ်စဉ်တိုင်ထောင်ပဲနဲ့ ခရမ်းချဉ်ပင်တွေကို အဓိကထား စိုက်ပျိုးတယ်။ ဒီနှစ်စိုက်တဲ့ ရာသီမှာ ရာသီဥတုကောင်းမွန်လို့ အပင်တွေ ပျက်စီးမှုမရှိဘဲ အသီးတွေကလည်း အထွက် ကောင်းတယ်။ တိုင်ထောင်ပဲကို အပင်မှ အသီးခူးဆွတ်တဲ့အခါ စိုက်ခင်းမှာ လာဝယ်သူ ရှိသလို ကုန်စိမ်းဒိုင်ကို သွားရောက်ပြီး ရောင်းချတာလည်း ရှိတယ်။ ယခင်တိုင်ထောင်ပဲ (၁) ပိသာ (၈၀ဝ) ကျပ် ဈေးရှိရာက ယခု (၁) ပိသာ (၁၀ဝ၀) ဈေးဖြင့် ရောင်းချရတယ်” ဟု ပြောပြသည်။
ဇော်လင်း(ဆားလင်းကြီး)


