ရန်ကုန် ၂၆  စက်တင်ဘာ 

 

မြန်မာနှင့်နယူးဇီလန် နိုင်ငံတို့အကြား နှစ်နိုင်ငံ လေကြောင်းသဘောတူစာချုပ် လက်မှတ်ရေးထိုး အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Stephen Marshall ၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် နယူးဇီလန်နိုင်ငံသံရုံး (ရန်ကုန်) မှ အရာထမ်းများ၊ မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေ ကြောင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သဘောတူစာချုပ်ကို ဒုတိယဝန်ကြီး နှင့်သံအမတ်ကြီးတို့က လက်မှတ်ရေးထိုးကြ သည်။

 

အဆိုပါ သဘောတူစာချုပ်အရ ပိုမိုပြေလျော့သော ပြဌာန်းချက်များနှင့်အညီ မြန်မာနှင့် နယူး ဇီလန်နိုင်ငံမှ လေကြောင်းလိုင်းများသည် နှစ်နိုင်ငံအကြား လေကြောင်း ပို့ဆောင်ရေးလုပ်ငန်း များကို  လွတ်လပ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)