ယင်းမာပင် ၂၆ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ခိုင်မို့မို့ ဦးဆောင်၍ ဆေးတက္ကသိုလ် (၁) ရန်ကုန် နောက်ဆုံးနှစ်အပိုင်း (က) သင်တန်း (၆/၂၀၁၉) သင်တန်းသားများသည် မြို့နယ်စည်ပင်သာယာဈေး ကုန်ဈေးတန်းနှင့် အသားဆိုင်တန်းများတွင် ဈေးကွက် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန် စက်တင်ဘာ ၂၆ ရက်နေ့ ၁၁ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။
ဒုတိယခရိုင်ဦးစီးမှူးနှင့်အဖွဲ့နှင့်အတူ ဆေးတက္ကသိုလ် (၁) ရန်ကုန် နောက်ဆုံးနှစ်အပိုင်း (က) သင်တန်း (၆/၂၀၁၉) သင်တန်းသားများသည် ကုန်ဈေးတန်းနှင့် အသားဆိုင်တန်းများ၌ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ခိုင်မို့မို့က ဝယ်ယူရောင်းချသော ကုန်ပစ္စည်းများ မှန်ကန်စေရန်၊ စီပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် လိုက်နာရမည့်တာဝန်များ သိရှိစေရန်၊ ဈေးကွက်ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိသော ကုန်ပစ္စည်းများ ရောင်းချရေးနှင့် စားသုံးသူအကာကွယ်ပေးရေး ဥပဒေအကြောင်းအရာများကို ကုန်ဆုံဆိုင်ပိုင်ရှင်များအား အသိပညာပေးရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် နောက်ဆုံးနှစ်အပိုင်း (က) သင်တန်း (၆/၂၀၁၉) သင်တန်းသားများနှင့် ကွင်းဆင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးရာ ယင်းမာပင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌမှ မြို့နယ်အတွင်း သောက်သုံးရေ၊ ဈေး၊ ကျန်းမာရေး ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန် နောက်ဆုံးနှစ်အပိုင်း (က) သင်တန်း (၆/၂၀၁၉) သင်တန်းသားများက ပြန်လည်အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


