နေပြည်တော် ၂၆ စက်တင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် တရားမဝင်သစ်များရှာဖွေ ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာ ရှမ်းပြည်ယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် သန္နီမြို့နယ်ခွဲ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမိုင်တိုင်အမှတ် (၁၉၈/၁)ရေပူကျေးရွာအနီး ယာဉ်နှစ်စီးပေါ်မှ ပိတောက်ဓါးရွေခွဲသား ၂ ဒသမ ၈၁၈၆ တန်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူးကွန်း(၁)ကြိုးပြင်ကာကွယ်တောအတွင်း၌ FORLAND DUMP TRUCK ယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား သုည ဒသမ ၈၆၄၆ တန်နှင့် ပြစ်မှုကျူးလွန် သူတစ်ဦးကိုလည်းကောင်း၊ ရေတာရှည်မြို့နယ် စိုင်းရကြိုးဝိုင်းအကွက်(၈၂)နှင့် (၈)မိုင် ကျေးရွာနေအိမ်အတွင်းတို့မှ ပျဉ်းကတိုးနှင့်ကျွန်းခွဲသား ၄ ဒသမ ၁၆၅၈ တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဦးကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


