နေပြည်တော်  ၂၆   စက်တင်ဘာ

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုဘဏ်၏ ကူမင်းဗဟိုဘဏ်ခွဲမှ ဒုဥက္ကဋ္ဌ Mr. JING Wei နှင့်အဖွဲ့အား ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ဘဏ်လုပ်ငန်းကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများကို တရားဝင်ဘဏ်လမ်းကြောင်းမှတစ်ဆင့် စာရင်းရှင်းလင်းဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်