ကျောင်းကုန်း ၂၆  စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်းအုပ်စု၊ ညောင်သာယာ ကျေးရွာတွင် ကွမ်းခြင်းရက်လုပ်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ကွမ်းထည့်ရန်အတွက် ခြင်းတစ်ခြင်းကို ငွေကျပ်တစ်ထောင်ရကြောင်း၊ တစ်နေ့ကို (၁၅)ခြင်းခန့် ရက်လုပ်နိုင်သဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ကြောင်း ခြင်းရက်လုပ်သူတစ်ဦးက ပြောသည်။

 

၄င်းကျေးရွာနေ ကွမ်းစိုက်သူ တောင်သူများက ရန်ကုန်သို့တင်ပို့ရန် ကွမ်းစီထည့်နေကြပြီး၊ပြီးခဲ့တဲ့ ဝါခေါင်လပြည့်ကျော်က ကွမ်းဈေးမှာ ကျပ်တစ်သိန်းကျော် ပေါက်ခဲ့သော်လည်း  ယခုရက်ပိုင်းတွင် ခြောက်သောင်း ခုနှစ်သောင်းခန့်ရကြောင်း၊ အောက်ခြေသိမ်းအကြမ်းဈေးမှာ ကျပ်သုံးသောင်းခန့်သာ ရှိကြောင်း ကွမ်းစိုက်သူတစ်ဦးက ပြောသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)

 

mdn