ကောလင်း ၂၆ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝါးရုံးတုံး အခြေခံပညာမူလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ များအား မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြက်ဥနှင့် နွားနို့အာဟာရတိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲက သွားရောက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကောလင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမွန်းထက်က အဓိကအားဖြင့် ယနေ့ခေတ် ကလေးသူငယ်များ စားသောက်သည့် မုန့်များတွင် ဓါတုဆေးဝါး များစွာပါဝင်သည့်အတွက် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်ကြောင်း၊ ကလေးများအနေဖြင့် သန့်ရှင်း လတ်ဆတ်ပြီး အာဟာရပြည့်ဝသည့် နွားနို့နှင့် ကြက်ဥကို စားသုံးခြင်းအားဖြင့် အန္တရာယ် လည်းကင်းပြီး နွားနို့တွင်ပါသည့် ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များကို ရရှိစေကာ ကလေးများ၏ အရိုးအဆစ်တွေခိုင်မာပြီး ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြင့်မားလာမည် ဖြစ်ကြောင်းနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်လာနိုင်စေရေး" "ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ (World School Milk Day) အခမ်းအနားအား နိုင်ငံတော်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့တွင် သတ်မှတ်ထားကြောင်း၊ နွားနို့သောက်ခြင်း၏ အကျိုးကျေးဇူးများကို ကျောင်းသား/ ကျောင်းသူလေးများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမွန်ထက် နှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီများ စုပေါင်း၍ နွားနို့အာဟာများကို ကျောင်းသား/ကျောင်းသူများအား တိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


