မြန်မာ့ဂန္ထဝင် အငြိမ့်သဘင်

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုပ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၁၇ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကျမ်း စာပေပထမဆုရရှိသည့် မင်းသျှင်အောင်(တွံတေး)၏ “မြန်မာဂန္ထဝင်အငြိမ့်သဘင်” စာအုပ် ထွက်ရှိလာသည်။

ယင်းစာအုပ်တွင် မြန်မာ့အငြိမ့်သဘင် သမိုင်းနှင့်ပတ်သက်၍ နန်းတွင်းအငြိမ့်သဘင်မှသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်အထိ ဖော်ပြထားပြီး ခေတ်အလိုက် အောင်မြင်ကျော်ကြားခဲ့သော အငြိမ့်မင်းသမီးများ၊ လူရွှင်တော်များ၊ ဆိုင်းဆရာများ၏ အတ္ထုပ္ပတ္တိများအပြင် အငြိမ့်သဘင်လောကရှိ အနုပညာရှင်များ ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံများကို အားကျ အတုယူဖွယ်ကောင်းအောင် သုတရသမြောက်စွာ ရေးဖွဲ့တင်ပြထားသည့်အတွက် စာဖတ်ပရိသတ်များ ဖတ်ရှုသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ကြေးမုံ