သေလှူရှင်လှူ ဘယ်အလှူမြတ်သနည်း

ပဲခူးမြို့ဥဿာသီရိ စာသင်တိုက်ကြီး၏ ဦးစီးမဟာနာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သူရိယအရှင်မြတ်က သေလှူရှင်လှူ ဘယ်အလှူမြတ်သနည်း ဓမ္မဒါန ဓမ္မပူဇာ ကုသိုလ်တော်ပြုတရားတော်စာအုပ် ရေးသားထားသည်။

စာအုပ်တွင် ဆရာတော်သည် မိဘများကိုအမှူးထား၍ လှူဒါန်းကြသည်ဆိုရာဝယ် သားသမီးတို့သည် သေဆုံးသွားမှ ရည်မှန်းလှူဒါန်းခြင်းထက် မိဘ၏ကျေးဇူးမြတ်ကို တကယ်တမ်းပေးဆပ်လိုကြပါလျှင် မိဘများသက်ရှိထင်ရှား လှူဒါန်းခြင်းက ပို၍အကျိုးရှိပုံတို့ကို ကျမ်းအသီးသီးမှ ထုတ်နုတ်ကိုးကား ရေးသားထားပါသဖြင့် ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်း ဖတ်သင့်မှတ်သင့်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ ဆရာတော်က ဤတရားစာအုပ်အား တန်ဖိုးသတ်မှတ်ရောင်းချခြင်း မပြုဘဲ အမွန်မြတ်ဆုံးသော ဓမ္မဒါနအဖြစ်လှူဒါန်းလျက်ရှိပါသည်။

ကြေးမုံ စာအုပ်စင်