မုံရွာ   ၂၇   စက်တင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည်  တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဦးမြင့်ကြည့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာခွဲက မုံရွာမြို့ပေါ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

a

 


တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်  အဖွဲ့သည် မုံရွာမြို့ ရုံကြီးရပ်ကွက် သာလ္လာဝတီ ဆိပ်ကမ်းနားလမ်း တွင် ကန်သာယာ မြစ်ရေတင်စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေးပြီး ကန်သာယာကန်အတွင်း ရေသွင်းနေမှုအခြေအနေနှင့် ကန်သာယာကန် အဆင့်မြင့်တင်ခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး မုံရွာမြို့ ရတနာပုံရပ်ကွက်(၂)ရှိ အမှတ် (၁၃) အခြေခံမူလတန်းလွန်ကျောင်း အာစီ ၂ ထပ် (၁၈၄'×၁၆၈')ပေ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းအညီ အချိန်မီပြီးစီးရေး မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)