လေးမျက်နှာ ၂၇  စက်တင်ဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် စားသုံးသူရေးရာဦး စီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးမှူ းတို့ ပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၂၆ ရက်နေ့က လေးမျက်နှာမြို့ပေါ်ရပ်ကွက် ရှိ ဆေးဆိုင်များတွင် FDA မှ တားမြစ်ထားသော သစ္စာရှင်နှင့် ရွှေဆေးအမှတ်တံဆိပ်ပါ အဆစ်အမြစ် အကိုက်အခဲသောက်ဆေးမှုန့်(ထုပ်)များ ရောင်းချမှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယင်းသို့ စစ်ဆေးရာတွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်များရှိ ဆေးမျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးများအနက် FDAမှတားမြစ်ထားသော သစ္စာရှင်နှင့် ရွှေဆေးအမှတ်တံဆိပ်ပါ အဆစ်အမြစ် အကိုက်အခဲသောက်ဆေးမှုန့်(ထုပ်)များ ရောင်းချမှု ရှိ၊ မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်းအောင် ဦးဆောင်သော အဖွဲ့တို့မှ ဆေးမျိုးစုံဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေး၍ အဆိုပါ တားမြစ်ဆေး၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။


ရွှေမိုး(ပြန်ဆက်)