ဒဂုံ       ၂၇       စက်တင်ဘာ               

 

Global Education  Expo 2019 အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို  Dagon   Exhibitions Limited မှကြီးမှူး၍ ယနေ့နံနက်၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ  မြန်မာနိုင်ငံပညာရေးလောက ဖွံ့ဖြိုးတိုးတက်စေရန်  ပညာရေး   အသိပညာများဖြင့်  ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ထိထိရောက်ရောက်  လေ့လာသင်ယူတတ်မြောက်စေရန်  ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရသည်။

 

ပြပွဲတွင် နိုင်ငံတကာအဆင့်မီပြည်တွင်း၊ ပြည်ပတက္ကသိုလ်နှင့် ကောလိပ်များ၊ ပြည်တွင်းပုဂ္ဂလိက ပညာရေးကျောင်းများ၊ စီးပွာရေးနှင့်  စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းကျောင်းများ၊ ITနည်းပညာ  သင်တန်း ကျောင်းများ၊ နိုင်ငံခြားဘာသာနှင့် နိုင်ငံခြားတက္ကသိုလ်များ၊  Engineering အတတ်ပညာနှင့်  Medical ဆိုင်ရာ အတတ်ပညာသင်တန်းကျောင်းများကို ကုမ္ပဏီ(၄၀)တို့က ယနေ့ခေတ်လူငယ်များအတွက် အချိန်အကျိုးရှိစွာ အသုံးချတတ်ရန် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြပွဲနှင့်အတူ ပညာရေးဆိုင်ရာဟောပြောပွဲများ၊ စီမံခန့်ခွဲ မှုဆိုင်ရာများ ဟောပြောဆွေးနွေး ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းပြပွဲအား စက်တင်ဘာ ၂၇ ရက် နေ့မှ ၂၉ ရက်နေ့ထ ိနေ့စဉ်နံနက် ၉ နာရီမှညနေ ၅ နာရီထိ မည်သူမဆို အခမဲ့လေ့လာကြည့်ရှုနိုင်ကြောင်း   မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN