ရိခေါ်ဒါရ် ၂၇ စက်တင်ဘာ
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ စက်တင်ဘာ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လမ်းကမ်းပါးမြေပြိုကျ၍ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ စက်တင်ဘာ ၂၇ ရက် နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်ဗိခ်ဆုံး၏နေအိမ် အလျား ပေ ၅၀ ၊ အနံ ၁၈ ပေ၊ အမြင့် ၁၈ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း (အောက်ထပ်အုတ်ကာ၊ အပေါ်ထပ် သွပ်ပြား ကာ)နှစ်ထပ်အဆောက်အဦသည် နေအိမ်အနောက်ဘက် လမ်းကမ်းပါးအမြင့်ပေ ၁၅၀ ခန့် ပေါ်မှ မြေပြိုကျမှုကြောင့် နေအိမ်နှင့် အိမ်ဆိုင်ခန်းများပျက်စီးခဲ့ကြောင်း၊ လူနေအိမ်ပျက်စီး မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါပျက်စီးသွားသည့် လူနေအိမ်တွင် မိသားစုဝင် ၅ ဦး (ကျား ၂ ဦး၊ မ ၃ ဦး) နေထိုင်ခြင်းဖြစ်ပြီး သဘာဝဘေးသင့်အိမ်ထောင်စုအား သက်ဆိုင်ရာဌာနများမှ ဘေးလွတ်ရာ ဦးလာလ်မွန်ပွီးနေအိမ်သို့ ယာယီပြောင်းရွှေ့ထားကြောင်း၊ သဘာဝဘေးသင့်နေရာသို့ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ နှင့် ဒေသခံပြည်သူများမှ ဆယ်တင်ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

ရိခေါ်ဒါရ် ပြန်/ဆက်


