၂၇ စက်တင်ဘာ 

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ညီမဖြစ်သူ ရေချယ် ဂျွန်ဆင်က သူမရဲ့အစ်ကိုဖြစ်သူရဲ့ စကားအသုံးအနှုန်းကို Sky News သတင်းဌာနရဲ့ စကားဝိုင်းမှာ မနေ့က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ 

 

၂၀၁၆ ခုနှစ်က ဘရစ်ဇစ်အတွက် ဆန္ဒခံယူပွဲမှာ မဲဆွယ်စဉ် အတိုက်ခံလေဘာပါတီဝင် အမျိုးသမီးလွှတ်တော် အမတ် ဂျိုးကောက်ကို နာဇီဝါဒလက်ခံသူတစ်ဦးက သတ်ခဲ့ပါတယ်။ အဲဒီလွှတ်တော်အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဘရစ်ဇစ်ကို ပြီးအောင်လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။  ဘောရစ်ဂျွန်ဆင် အခုလိုပြောဆိုလိုက်တာဟာ အနှစ်သာရ မရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ ဘောရစ်ဂျွန်ဆင်ရဲ့ “လက်နက်ချအညံ့ခံ” ဆိုတဲ့ စကားဟာ ဘရစ်ဇစ်ကို ဆန့်ကျင်သူတွေကို ပြောတဲ့ စကားဟာ မသုံးသင့်တဲ့ စကားလုံးဖြစ်ပါတယ်။ 

 

ရေချယ် ဂျွန်ဆင်ရဲ့ ဝေဖန်ချက်ဟာ ဘောရစ်ဂျွန်ဆင်ရဲ့ ညီ ဂျိုးဂျွန်ဆင်က ဘောရစ်ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့ကနေ နှုတ်ထွက်အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အသတ်ခံခဲ့ရတဲ့ အမျိုးသမီးလွှတ်တော်အမတ် ဂျိုးကောက်ရဲ့ ခင်ပွန်း ဘရန်ဒန် ကောက် ကလည်း ဝန်ကြီးချုပ်က သူ့အမျိုးသမီးနာမည်ကို အခုလို အသုံးပြုလိုက်တာဟာ စိတ်ပျက်မိကြောင်း ပြောကြားပါတယ်။ 

 

ဗြိတိဝန်ကြီးချုပ် ဂျွန်ဆင်က လွှတ်တော်ကို သီတင်းငါးပတ်ရပ်နားခဲ့ပေမယ့် ဗြိတိန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရုံး ကနေ ဥပဒေနဲ့ မညီဘူးလို့ အင်္ဂါနေ့က ဆုံးဖြတ်ရာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ အောက်လွှတ်တော် ပြန်လည် စတင်ခဲ့ရပါတယ်။ 

 

လွှတ်တော်စတင်တဲ့ရက်မှာဘဲ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ စကားအသုံးအနှုန်းတွေက ကြမ်းတမ်းလွန်းကြောင်း အတိုက်အခံ လေဘာပါတီဝင် အမျိုးသမီးလွှတ်တော်အမတ် ပေါ်လာ ရှရိဖ်က စတင်ဝေဖန်သလို လစ်ဘရယ်ဒီမိုကရက် ပါတီ ခေါင်းဆောင် အမျိုးသမီး လွှတ်တော်အမတ် ဂျိုးဆွန်ဆင်ကလည်း ဂျွန်ဆင်ဟာ နိုင်ငံနဲ့ ဘုရင်မကြီးကို ညာသလို လုပ်မိတဲ့အတွက် တောင်းပန်ရမယ်လို့ ပြောဆိုပါတယ်။  

 

အတိုက်အခံလေဘာပါတီ (shadow cabinet)ရဲ့ ဝန်ကြီးတစ်ဦးဖြစ်သူ ကတ်စမစ်က နိုင်ငံရေးသမားတွေဟာ စကားလုံးကြမ်းတွေသုံးစွဲလာတာဟာ လွန်ခဲ့တဲ့နှစ်တွေမှာ အသုံးပြုခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ လူဆိုးဂိုဏ်းတွေရဲ့ စကားလုံးအသုံးအစွဲတွေနဲ့ ဆက်ယ်မှုရှိတယ်။ အဲဒီလိုစကားလုံးတွေကို စကားဝိုင်းဆွေးနွေးပွဲမှာ သုံးစွဲခြင်းအားဖြင့် စကားဝိုင်းဆွေးနွေးပွဲရဲ့ ယဉ်ကျေးမှုလိုမျိုး ဖြစ်လာနိုင်တယ်။ လူငယ်တွေကို ဒီစကားဝိုင်းဆွေးနွေးပွဲတွေကနေ ဘာတွေ သင်ပေးလိုက်မှာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။ 

 

MDN
ကိုးကား-AFP