၂၇ စက်တင်ဘာ

 

ဗြိတိန်ရေနံတင်သင်္ဘော (Stena Impero )ကို အီရန်ဆိပ်ကမ်း Bandar Abbas မှ နိုင်ငံတကာရေပိုင်နက်သို့ ယနေ့မနက်ပိုင်းက ထွက်ခွာခွင့်ပြုလိုက်ကြောင်း အီရန်နိုင်ငံ၏ ဟော်မုဒ်ဂန်ပြည်နယ်တောင်ပိုင်း ဆိပ်ကမ်းနှင့်သင်္ဘောကျင်းရုံးက ထုတ်ပြန်ကြေညာခဲ့ကြောင်း အိုင်အာအန်အေသတင်းအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ ဗြိတိန်ရေနံတင်သင်္ဘော (Stena Impero )   ဟော်မုဒ်ရေလက်ကြားကို ဖြတ်သန်းစဉ် ရေကြောင်းစည်းမျဉ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲကာ ထိုသင်္ဘောကို ဇူလိုင် ၁၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

 

ထိုရေနံတင်သင်္ဘော၏ သင်္ဘောသား ခုနှစ်ဦးကို အီရန်က  ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို