စစ်ကိုင်း ၂၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ရေပေးရေးလုပ်ငန်းများနှင့် ကျေးရွှာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်း (VDP) လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံက် ၈ နာရီအချိန်က ဆားလင်းကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော် နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမြင့်တို့မှ အဖွင့်အမှာစကားပြောကြားပြီး' ဆားလင်းကြီးမြို့ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦး စိုးခိုင်က ကျေးလက် ရေပေးရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်း (VDP) လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းမှတ်တမ်းများ ပေးအပ်ခြင်းများ ဆောင်ရွှက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ စီမံကိန်းဝင်ကျေးရွှာများက ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဦးငယ်(ဆားလင်းကြီး)


