နေပြည်တော် ၂၇ စက်တင်ဘာ
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို လာမည့် အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်လူမော်


