ရန်ကုန် ၂၇ စက်တင်ဘာ

 

“အောင်ဆန်း” ရုပ်ရှင်ရိုက်ကူး၊ ထုတ်လုပ်၊ ပြသနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦညီပု၊ ဇနီးဒေါ်ဝင်းကြည်နှင့်မိသားစုသည် ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့ ကမ္ဘောဇရိပ်သာ၌ အလှူငွေပေးအပ်လှူဒါန်းသည်။

 

အလှူငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက နိုင်ငံတော်၏ ဖခင်ဖြစ်သည့်  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် ယခုလိုတစ်တပ်တစ်အား ပါဝင်လှူဒါန်းခွင့်ရသည်ကို ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

 

ထို့နောက် “အောင်ဆန်း” ရုပ်ရှင်ရိုက်ကူးရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦညီပု၊ ဇနီး ဒေါ်ဝင်းကြည်နှင့်မိသားစုက အလှူငွေကျပ် နှစ်ဆယ့်ငါးသိန်းကို ပေးအပ်လှူဒါန်းရာ “အောင်ဆန်း” ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်းနှင့် Casting ဒါရိုက်တာ အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုးတို့က လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် မိသားစုဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

သတင်းစဉ်