၂၈  စက်တင်ဘာ

"စာအုပ်စာပေ လူ့မိတ်ဆွေ" ဟူသော ဆိုစကားကို ပြောရမည်ဆိုလင် စာပေမှရေသာ အသိပညာ ဗဟုသုတတိုမှာ လူတိုအတွက်အကျိုးများလှသဖြင့် စာအုပ်စာပေများကို မိတ်ဆွေတိုကဲ့သို ခင်မင်မြတ်နိုးကရန် ဆိုလိုဟန်တူသည်။ သိုဆိုလင် စာအုပ်အသစ်တိုသည် မိတ်ဆွေသစ်၊ စာအုပ်အဟောင်းတိုသည် မိတ်ဆွေဟောင်း ဖြစ်ပေလိမ့်မည်။ မည်သိုဆိုစေ စာအုပ်အသစ်၊ အဟောင်းအားလုံးတိုသည် မိတ်ဆွေများသာ ဖြစ်သည်။

အမှန်တွင်မူ စာအုပ်နှင့်လူ မိတ်ဆွေအဖြစ် တွဲဖက်ပေါင်းစပ်ခြင်း၌ မိတ်ဆွေတိုသည် တစ်ခါတစ်ရံ၌ မိတ်ပျက်တတ်ပီး ရန်သူပင်ဖြစ်တတ်ပေသည်။ ရန်သူတိုသည်လည်း တစ်ခါတစ်ရံတွင် မိတ်ဆွေလည်းဖြစ်တတ် ပေသည်။ စာအုပ်စာပေကောင်းများမှာ ဖောက်ပြန်ပြောင်းလဲတတ်ခြင်းမရှိဘဲ အမဲထာဝရ မိတ်ဆွေဖြစ်သည့် သစ္စာရှိသော အကျိုးပြမိတ်ဆွေကောင်းများပင်ဖြစ်သည်။

တစ်ဖန် ရတနာဟူသော စကားရပ်ကို အနက်အဓိပ္ပါယ်ပြန်ဆိုပါက လူ၏စိတ်နှလုံးကို ရွှင်ပြုံးကည်လင်စေသာ အရာဟု ဖွင့်ဆိုနိုင်ပါသည်။ အရာဝတများတွင် ရွှေ၊ ငွေ၊ ကျောက်သံပတမြား စသည်တိုမှာ ရှားပါး အဖိုးတန်လှဖြင့် လူအများနှစ်သက်ဂုဏ်ယူဖွယ်ရာ ရတနာများဖြစ်သည်။ သက်ရှိလူသတဝါတိုတွင် ဆင်၊ မြင်း၊ ဇနီးမယား၊ သားသမီးများမှာ သက်ဆိုင်သူတို၏ စိတ်နှလုံးကည်ပြံးစေသဖြင့် ရတနာပင်ဖြစ်သည်။ ထိုအတူ အသိပညာဗဟုသုတများ ပြည့်နှက်နေသာ စာအုပ်စာတမ်းများမှာ ရှားပါးစာရင်းဝင် ရတနာများပင်ဖြစ်သည်။

ရုပ်ဝတရတနာတိုမှာ ပျက်စီးဆုံးရှုံးခြင်းကိုဖြစ်စေနိုင်ပြီး စာအုပ်စာပေကာင်းများမှ ရရှိသော အသိပညာ ဗဟုသုတတိုမှာ မပျက်စီး၊ မဆုံးရှုံးနိုင်သဖြင့် ထာဝရတည်တံ့ခိုင်မဲသော ရတနာတိုသာဖြစ်သည်။ ထို့ကြောင့် "ပညာရွှေအိုးလူမခိုး" ဟုပင်ဆိုကသည်။ အဖိုးတန်သော စာအုပ်စာပေများကို စုဆောင်းခြင်းမှာ ငွေကးဥစ္စာ ရတနာတိုကို စုဆောင်းခြင်းထက် စုဆောင်းသူ၊ လေ့လာလိုက်စားသူများကို ပိုမိုအကျိုးပြလေသည်။ ထိုအပြင်စုဆောင်းခြင်းနှင့် လေ့လာလိုက်စားခြင်းကို သဟဇာတဖြစ်အောင် ပြလုပ်ရမည်ဖြစ်သည်။

စာအုပ်စာပေစုဆောင်းမမှာ တစ်ဦးချင်းအနေဖြင့် မိမိအတွက်သာအကျိုးများပီး အများအနေဖြင့် အကျိုးများစေရန်အတွက် အများပြည်သူ ဖတ်နိုင်သော စာကည့်တိုက်များတိုးပွားအောင် ကြိုးပမ်းအားထုတ် ကရမည်ဖြစ်သည်။ စာပေတွင် စာစောင့်နှင့်စာမွဲ နှစ်မျိုးခွဲ၍လည်း သိထားသင့်သည်။ စာစောင့်ဆိုသည်မှာ စာအုပ်စာပေများကို စုဆောင်းထားသော်လည်း မသုံးရက်မစွဲရက်ဘဲ ဥစ္စာစောင့်ကဲ့သို သော့ခတ် သိမ်းဆည်းထားသော စာထောင်ကိုဆိုလိုခြင်းဖြစ်သည်။ စာမွဲဆိုသည်မှာ စုဆောင်းမပြခြင်းကိုလည်း အားမပေး၊ ကိုယ်တိုင်လည်း အလေ့အလာနည်းသည့် စာမဖတ်သူကို ဆိုလိုခြင်းဖြစ်သည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်၏အားပေးမ၊ ပြန်ကားရေးဝန်ကီးဌာန၏ ကြိုးပမ်းအားထုတ်မများကြောင့် စာကည့်တိုက်ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာပါသည်။ စာဖတ်သည့်အလေ့အထများ ပြန်လည် ရှင်သန်နိုးကြားလာပါသည်။ စာအုပ်စာပေများမှာ ရတနာတန်းဝင်ဖြစ်လာပါသည်။ အများပြည်သူ တန်ဖိုးထားသောအဆင့်သို ပြန်လည်ရောက်လာပါသည်။ စာအုပ်စာပေသည် လူအများအတွက် မိတ်ဆွေအစစ်အမှန် ဖြစ်လာပါသည်။ တစ်ချိန်သောကာလက အနယ်နယ်အရပ်ရပ်တွင် စာအုပ်အဟောင်း၊ အသစ်များ သိမ်းဆည်းထားသည့် စာစောင့်အဖြစ်မှ ပြပြင်ပြောင်းလဲကာ စာဖတ်အဆင့်သို ရောက်ရှိလာပါသည်။ စာဖတ်သူတိုလက်ဝယ်အရောက် ရွေလျားစာကည့်တိုက်များလည်း ပေထွက်လာပါသည်။

သိုဖြစ်ရာ စာထောင်၊ စာစောင့်အဖြစ်မှ အများသူငါ လေ့လာနိုင်သော စာပေရတနာဘဏ်တိုက်များ ဖြစ်ထွန်းလာပီဖြစ်၍ ပညာရွှေအိုးလူမခိုးသည့် စာအုပ်စာပေလူ့မိတ်ဆွေများအဖြစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီပါဝင်ခြင်း၊ စာပေလှူဒါန်းခြင်းများကို ပြလုပ်ကရမည် ဖြစ်ပါသည်။ ။

ကြေးမုံ