၂၈ စက်တင်ဘာ

 

ဗီယက်နာမ်နိုင်ငံက ကိုချက်ဆိုတဲ့ရွာကလေးမှာ ရိုးရာပိုးထည်လုပ်ငန်းကို အိမ်တွင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပါတယ်။ ပိုးထည်ထုတ်လုပ်ရာတွင် ရေနွေးအိုးထဲမှာ ပိုးကောင်လေးကို ထည့်လိုက်တဲ့တပြိုင်နက် ပိုးချည်လေးတွေ ထွက်လာတာကို တွေ့ရပါတယ်။ အဲဒီပိုးချည်လေးတွေကို  ဗိုင်းငယ်စက်နဲ့ ရစ်ပတ်အောင် လုပ်ဆောင်ရပါတယ်။ အဲဒီလိုအလုပ်တွေကို တပြိုင်နက်လုပ်ကိုင်နေတဲ့ သူအများစု ကျွမ်းကျင်အမျိုးသမီးတွေ ဖြစ်ပါတယ်။ ကိုချက်ရွာမှာ ရိုးရာပိုးထည်လုပ်ငန်း လုပ်ဆောင်နေတာ နှစ်ပေါင်း တစ်ရာကျော်ပြီလို့ သိရပါတယ်။

 

1

 

ပိုးကောင်လေးတွေကနေ ပိုးချည်ကောင်းထွက်လာဖို့ဆိုတာ ရာသီဥတုအပေါ်မှာ ၉၀ ရာခိုင်နှုန်း မူတည်တာကို တွေ့ရပါတယ်။ ရာသီဥတုက နေကောင်းကောင်း ပူနေမယ်ဆိုရင် အရည်သွေးကောင်းတဲ့ ပိုးချည်ထွက်လာပြီး ပိုးကောင်လေးတွေက အရည်အသွေးမှီပေမယ့် မိုးရွာမယ်ဆိုရင် အရည်သွေးညံ့တဲ့ ပိုးချည်သာ ရရှိမယ်လို့ ပိုးထည်ထုတ်လုပ်ရေးလုပ်ငန်းရှင်း ဖန်ဗန်ဘ က ပြောပါတယ်။

 

အခုခေတ်ပေါ်စက်တွေဆိုတာ အရည်သွေးမကောင်းတဲ့ ပိုးကနေ ချည်မထုတ်နိုင်ဘူး။ လက်နဲ့ ချည်ငင် မယ်ဆိုရင် အရည်မသွေးကောင်းတဲ့ ပိုးကနေတောင် သာမန်အရည်အသွေးရှိတဲ့ ပိုးချည်ထုတ်ယူနိုင်တယ်။ ဒါကြောင့် လက်နဲ့ထုတ်လုပ်မှုကို စက်က မလိုက်နိုင်ဘူးလို့ ဖန်ဗန်ဘ က ဆက်ပြောပါတယ်။

 

ပိုးချည်ထုတ်လုပ်ရေးမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးရဲ့ နေ့စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာတစ်ဆယ်ဘဲ ရှိပါတယ်။.  အသက် ၃၇ နှစ်အရွယ် အလုပ်သမား ထရန်သီဟိန်းက သူတို့ဝင်ငွေဟာ ပုံမှန်မရှိဘူး။ ပိုးထည်ဈေးတက်ရင် လုပ်အားခပိုရတယ်။ မဟုတ်ရင်တော့ စားပြီးသောက်ပြီးဘဲ အပိုဝင်ငွေမရှိဘူးလို့ ဆိုပါတယ်။

 

လုပ်ငန်းက ခက်ခက်ခဲခဲ လုပ်ကိုင်ရပေမယ့် ဝင်ငွေက နည်းလွန်းတာကြောင့် လူငယ်တွေက ပိုးထည်လုပ်ငန်းထက် တခြားအလုပ်တွေကိုသာ လုပ်ကိုင်ကြတာကို တွေ့လာရပါတယ်။

 

MDN

ကိုးကား - AFP