ရန်ကုန် ၂၈ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရေလွှမ်းမိုးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားခြင်း စသည့်ဘေးအန္တရာယ် အသိပညာပေး ဂိမ်းကစားနည်းများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဂိမ်းကစားနည်းများအား သုံးခွမြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေယံအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များအား လေ့ကျင့် သင်ကြားပေးကြောင်း သိရသည်။
စည်သူလင်း


