ကော့သောင်း ၂၈   စက်တင်ဘာ

 

စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ခွေးရူးရောဂါကာကွယ်ဆေးကို   ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက် ၊ အဝိုင်းပတ်လမ်းဆုံ ၊ အများပြည်သူနားနေဆောင်၌ ကော့သောင်းမြို့ခံ ဖုန်းလုပ်ငန်းရှင်များအသင်းနှင့် တိရစ္ဆာန်ချစ်သူများအသင်းတို့ ပူးပေါင်းကူညီမှုဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက (၁၃)ကြိမ်မြောက်အဖြစ် ခရိုင်နှင့်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှအခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အစီအစဉ်၌ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာအေးချမ်း ၊  မြို့နယ်ဦးစီးမှူး ဒေါက်တာ နိုင်တင်ထွဋ် ၊ ဝန်ထမ်းများ ၊ မြို့ခံ  ရွှေဝါတိရစ္ဆာန်ဆေးကုခန်း မှ ဒေါက်တာသင်းသင်းထွေး  ပါဝင်ပူးပေါင်း၍  ကော့သောင်းမြို့ပေါ်ရပ်ကွက်ပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်ခွေး၊ကြောင်များ၊ တပ်ရင်းတပ်ဖွဲ့များ မှ မိုင်းရှာ၊ မူးယစ်ဆေးဝါးရှာ ခွေးများအပါအဝင်  အကောင်(၇၀ဝ)ကျော် ခန့်ကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးကြခြင်းဖြစ်ပြီး  ပရဟိတလုပ်ငန်းလုပ်ကိုင်ကြသည့် အဖွဲ့များ အား ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှတာဝန်ရှိသူများ က  ပရဟိတလုပ်ငန်းများလုပ်ကိုင်ရာတွင် မလွဲမသွေကြုံတွေ့ နိုင်သည့် လမ်းပေါ်နှင့် ရပ်ကွက်များအတွင်းရှ ိခွေးများနှင့် ဆက်စပ်၍ ခွေးရှုးရောဂါ ဆိုင်ရာသိသင့်သည်များ ၊ ခွေးများနှင့်ပတ်သက်၍ ဆောင်ရွက်ကိုင်တွယ်ရာတွင် သတိပြုရမည့်သိကောင်းစရာများအား အသိပညာပေးပြောကြား ခဲ့ကြောင်း သိရသည်။        

 

ကျော်စိုး (ကော့သောင်း)