ဂန့်ဂေါ ၂၉ စက်တင်ဘာ
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဘက်စုံအဆင့်မြှင့် နည်းပညာသုံး စံပြကျေးရွာ ဖြစ်သည့် နှမ်းခါးကျေးရွာ၌ ယနေ့ နံနက် ၈ နာရီက တောင်သူ ဦးလှစိုးနှင့် ဦးကျော်သောင်းတို့ စပါးစိုက်ခင်းများတွင် ပေါင်းလိုက်သမန်းနှိုး စက်ကရိယာအသုံးပြု၍ ကွင်းသရုပ်ပြပွဲ ပြုလုပ်သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ နှမ်းခါးကျေးရွာမှ တောင်သူစုစုပေါင်း ၅၃ ဦးတို့ လာရောက်လေ့လာကြကြောင်းနှင့် လာရောက်လေ့လာကြသော တောင်သူများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်က ပိုးသတ်ဆေးထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


