ကျိုက်မရော ၂၉ စက်တင်ဘာ

 

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြှပ်မှုကြောင့် ပျက်စီးသွားသော မိုးစပါး တင်း (၆၉၀၀)  အစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် ရေဘေးသင့်တောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွှေဟင်္သာ) ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

 

ရှေးဦးစွာ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင် က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာချိကျိ ဖောင်ဒေးရှင်း တာဝန်ခံ ဦးကျော်ခင်က မျိုးစပါးထောက်ပံ့ ပေးအပ်ခြင်း နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

 

 

ထို့နောက် ရေဘေးသင့် တောင်သူများအား မျိုးစပါးအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ မြန်မာချိကျိ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)