ဆင်ပေါင်ဝဲ ၂၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာန အနေဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ကျေးရွာအရောက် ကွင်းဆင်း၍ အခမဲ့ကုသခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ချောင်းကောက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်(၉)နာရီက မကွေးမြို့ ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အခမဲ့ ဆေးကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောင်းကောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ လာရောက်ကုသသည့် ရောဂါဝေဒနာရှင်(၁၈၉)ဦးတို့အား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
အိဖြူဖြူ(ဆင်ပေါင်ဝဲ)


