ဒေးဒရဲ ၂၉ စက်တင်ဘာ
ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တော်ကျိုက်ကျေးရွာ အုပ်စုတွင် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက တော်ကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် တော်ကျိုက်ကျေးရွာနှင့် ညောင်တပင်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ မွေးမြူထားရှိသည့် တိရစ္ဆာန်များတွင် ခွေးရူးရောဂါကင်းဝေးစေရန်နှင့် ခွေးများမှတစ်ဆင့် ဒေသခံ ပြည်သူများသို့ ခွေးရူးရောဂါပိုးများ ကူးစက်မှုမဖြစ်ပွားစေရန် ရည်ရွယ်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်ဘုန်းမြင့် ခေါင်းဆောင်သော အဖွဲ့က ကျေးရွာအရောက် ကွင်းဆင်း၍ ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


