ပုသိမ် ၂၉ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မြို့လုံခြုံရေးနှင့် ဒေသခံပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် ယနေ့နံနက် (၄)နာရီက မြို့အုပ်ချုပ်ရေးမှူးဉီးဝဏ္ဏဝင်း ဉီးဆောင်ကာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ တာဝန်ခံများ၊ နယ်မြေမီးသတ်စခန်းတာဝန်ခံများ၊ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကျေးအဖွဲ့များ၊ ပြည်သူ့စစ်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ငွေဆောင်မြို့အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။
ယင်းသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အဖွဲ့များနှင့် ကူညီသူများအားလုံးကို မြို့သူမြို့သားများကိုယ်စား မြို့အုပ်ချုပ်ရေးမှူး က ကျေးဇူးတင်လျက်ရှိသည်။
တိုးဝေဇင်(တိုင်းပြန်/ဆက်)


