မိုးကောင်း ၂၉ စက်တင်ဘာ

 

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ထိုပူးကျေးရွာဘက်စုံသုံး ခန်းမ၌ ဌာန ၈ ခုဖြင့် တစ်နေရာတည်း ဝန်ဆောင်မှုပေးသည့် OSS လုပ်ငန်းများ၊ စာဖတ်ခြင်း အလေ့အထ ဆောင်ရွက်သည့် နယ်လှည့်စာကြည့်တိုက်၊ တိုင်းရင်းဆေးအသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ခဲ့သည်။

 

 

ဝန်ဆောင်မှုလုပ်ငန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဇေယျာစည်သူနှင့် ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း အဖွဲ့ဝင်များက သက်ဆိုင်ရာ ဌာနအသီးသီး၏ လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

 

 

အလားတူစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေး နံရံကပ်စာစောင်များ ပြသထား၍ တက်ရောက်လာသော ကျေးရွာပြည်သူများအား သုတ၊ ရသစာအုပ်များ ဖြန့်ဝေပေးပြီး တိုင်းရင်း ဆေးပညာဉီးစီးဌာန၊ ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံကလည်း ဆေးကုသမှုခံယူမည့် လူနာများအား အခမဲ့ သောက်ဆေးပေးခြင်းနှင့် ဆေးစည်းခြင်း စသည်ဖြင့် ကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

သန်းလွင်ဉီး (ပြန်/ဆက်)