ရန်ကုန် စက်တင်ဘာ ၂၉
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ဓာတ်ပုံနှင့်ပန်းချီပြပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံး၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားနှင့်ဇနီး၊ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် အဆောက် အအုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ဝင်းတို့က ဓာတ်ပုံနှင့်ပန်းချီပြပွဲကို ဖဲကြိ ုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သံအမတ်ကြီးနှင့်ဇနီး၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ အထိမ်းအမှတ် အခမ်း အနားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းကြိုင်နှင့် တွဲဖက်အတွင်းရေးမှူး ဒေဝိုးမူနီးတို့က မဟတ္တမဂန္ဒီ၏ ဓာတ်ပုံရှေ့၌ ဆီမီးထွန်း ဂါရဝပြုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးက အမှာစကားပြောကြားသည်။
ထို့နောက် မဟတ္တမဂန္ဒီအထိမ်းအမှတ် ဓာတ်ပုံနှင့် ပန်းချီပြပွဲတာဝန်ခံ ဦးတင်မောင်လတ် က ပြပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဂေါပက အဖွဲ့ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် သံအမတ်ကြီးနှင့်ဇနီး၊ ကျင်းပရေးကော်မတီဝင်များနှင့် ဧည့်ပရိ သတ်များသည် စုပေါင်းမှတ်တမ်းတင်ရိုက်ကြပြီး ဓာတ်ပုံနှင့်ပန်းချီပြပွဲကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ထို့နောက် သံအမတ်ကြီးသည် မဟတ္တမ ဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးကော်မတီမှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ဓာတ်ပုံနှင့်ပန်းချီပြပွဲကို စက်တင် ဘာ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မဟတ္တမဂန္ဒီ၏ မွေးနေ့ဖြစ်သည့် အောက်တိုဘာ ၂ ရက်တွင် နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် လမ်းလျှောက်ပွဲကို ဗိုလ်အောင်ကျော်လမ်း၌ နံနက် ၅ နာရီခွဲတွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ဇော်မင်းလတ်


