ကျောင်းကုန်း ၂၉ စက်တင်ဘာ
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် စည်ကားစွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောက်တိုဘာလ(၁)ရက်နေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ကျောင်းကုန်းမြို့ပေါ်ရှိ သံဃာတော်များနှင့်သီလရှင်များအား အာရုံဆွမ်းလောင်းလှူခြင်း၊ နံနက် ၁၁ နာရီအချိန် နေ့ဆွမ်းဆက်ကပ်လှုဒါန်းခြင်းနှင့် ညနေပိုင်း ညစာစားပွဲတွင် မိမိတို့အနေနဲ့ ကျရာတာဝန် ဆောင်ရွက်နိုင်ရေး ရဲမေများနှင့် မိသားစုဝင်များအား မှာကြားခဲ့ပြီး၊ တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စည်းကမ်းကျနစွာ သေသေချာချာ ဆောင်ရွက်ကြစေလိုကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ က မှာကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ကျောင်းကုန်းမြို့မ ရဲစခန်း၊ ဒေါင့်ကြီးနယ်မြေရဲစခန်း၊ လှည်းဆိပ်ရဲကင်းစခန်း၊ မင်းမနိုင်ရဲကင်းစခန်း နှင့် ဝက်ချောင်းရဲကင်းစခန်းတို့မှ စခန်းမှူးများ၊ အရာရှိ၊ အရာခံ အကြပ်တပ်သားများ၊ ရဲမေများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


