ပုသိမ် ၃၀ စက်တင်ဘာ
မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းရေးကာလတွင် ဖုန်းသုံးစွဲသူ မိဘပြည်သူများအနေဖြင့် ယူနီကုဒ်စနစ် ပြောင်းလဲသုံးစွဲရာတွင် "အဆင်ပြေစေရေး၊ လွယ်ကူလျင်မြန်စေရေး၊ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဖုန်းသုံးစွဲနိုင်ရေး"ရည်ရွယ်၍ Myanmar Unioncode ကူးပြောင်းရေး တက်ကြွလှုပ် ရှားသူများအဖွဲ့(ပုသိမ်) မှ မြန်မာယူနီကုဒ်စနစ်လွယ်ကူစွာအသုံးပြုနိုင်ရေး အခမဲ့ကူညီလှုပ်ရှားမှုအစီအစဉ်ကို ယမန်နေ့ညနေ(၅)နာရီ အချိန် က ပုသိမ်မြို့၊ Ocean Supercenter ရှေ့."ရှုခင်းသာ"ရင်ပြင်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ပေးမှုအစီအစဉ်တွင် ယူနီကုဒ်စနစ် ပြောင်းလဲရန်လာရောက်သူများ၏ ဖုန်းများကို ယူနီကုဒ်ဖောင့်များ ပြောင်းလဲပေးခဲ့ပြီး မြန်မာယူနီကုဒ်နှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ယခုအစီအစဉ်အား ပုသိမ်မြို့၊Sun Mobile မှ ဦးဆောင်၍ စိတ်ပါဝင်စားသူလူငယ် Volunteer (၂၀)ဦးခန့်က အခမဲ့ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
တိုးဝေဇင်(တိုင်းပြန်/ဆက်)


