တပ်ကုန်း စက်တင်ဘာ  ၃၀

 

နေပြည်တော် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာများ လုပ်ငန်းဆောင် ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ လိုအပ်ချက်၊ အောင်မြင်မှု၊ အားနည်းချက်၊ အားသာ ချက်များနှင့်ပတ်သက်၍ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းသုံးသပ် ဆုရွေးချယ် ပေးအပ်ခြင်းနှင့်(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းကျေးရွာ/(VDP)စီမံကိန်းကျေး ရွာ အကြိုပြင်ဆင်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီခွဲက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် တပ်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်တင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးဇော်မင်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ကျေးလက်   ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊မြို့နယ်ဉီးစီးမှူး ဉီးဇင်လင်းထက်က ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မြစိမ်းရောင်စီမံကိန်းကျေးရွာများအား သုံးသပ်ဆုပေးခြင်းနှင့်ရွေးချယ်သည့်ပုံစံများ ရှင်းလင်းခဲ့ပြီး နောက် ၂၀၁၉-၂၀၂၀နှစ် မြစိမ်းရောင် စီမံကိန်းကျေးရွာ / (VDP)စီမံကိန်းကျေးရွာ အကြိုပြင်ဆင် ရွေးချယ်မည့်အစီအစဉ်များအားဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် မြစိမ်းရောင်စီမံ ကိန်းဝင် ကျေးရွာ(၁၄)ရွာ၊ (၁၆)ယူနစ်မှ စီမံကိန်းကော်မတီဉက္ကဌများနှင့်အဖွဲ့ဝင်များက အရင်း မပျောက်မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်း အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်တက်ရာက်လာသည့် ဌာနဆိုင် ရာများက စံပြစီမံကိန်းကျေးရွာဆုများကို ရွေးချယ်ခဲ့သည်။

 

အဆိုပါ စံပြဆုကို သတ်မှတ်စည်းကမ်းချက်များနှင့်ကိုက်ညီသည့် မြောက်မြိုက်ကျေးရွာအုပ်စု၊ မြောက်မြိုက်(န)ကျေးရွာမှရရှိခဲ့သည်။ စံပြဆုတံဆိပ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးကျော်တင့်က ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ၂၀၁၉-၂၀၂၀နှစ် မြစိမ်းရောင်စီမံ ကိန်းကျေးရွာ/ (VDP)စီမံကိန်းကျေးရွာအကြိုဆက်လက်ရွေးချယ်ရာ ကျေးရွာ(၁၂)ရွာ ရွေးချယ်ခဲ့ ကြောင်း သိရသည်။

 

တင်စိုးလွင်