ချောက်  စက်တင်ဘာ      ၃၀

 

မကွေးတိုင်းဒေသကြီး ချောက်မြို့၌ စက်တင်ဘာ၂၉ ရက်နေ့က  အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းဌေးဝင်း ကြီးကြပ်၍ မြို့မရဲစခန်း ဒုရဲမှူးလှနောင်၊ နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ်ဝင်းဇော်ဦးစီးပြီးတပ်ဖွဲ့ဝင်များနှင့်မိသားစုများစုစုပေါင်း၅၀ မှ အမှတ်(၁၀) အေးစေတီရပ်ရှိ မဟာအေးစေတီ မြတ်စွာဘုရား ရင်ပြင်ပေါ်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း ၊ဘုရားကြီးပရိဝုဏ်အတွင်း၊ အပြင်တို့တွင် ပေါင်းမြက်များ၊ အမှိုက်များ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခဲ့ပြီး စုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)