၃၀  စက်တင်ဘာ


အောင်ဘာလေသိန်းဆု ထီကံစမ်းသူမိဘပြည်သူများအနေဖြင့် မိမိတို့၏ ထီလက်မှတ်များကို လစဉ်ထီတိုက်ကြရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးနှိုးဆောင်ထားကြောင်း သိရသည်။


အောင်ဘာလေထီလက်မှတ်များအား ဝယ်ယူကံစမ်းကြသည့် မိဘပြည်သူများ၏ ထီဆုမဲများမှာ လာရောက်ထုတ်ယူခြင်းမရှိသဖြင့် လစဉ်ကျန်ရှိနေပြီး ထီဆုများကို သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိသော အောင်ဘာလေဆုမဲများကို ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းယူလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် မိမိတို့၏ ထီလက်မှတ်များကို ထီပေါက်စဉ်ဖြင့် တိုက်ကြည့်ပြီး ထီပေါက်ခြင်း ရှိ/မရှိ ကိုယ်တိုင်စစ်ဆေးပေးကြရန် အသိပေးထားပြီး လစဉ်လဆန်း(၁)ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာ၍ ထုတ်ပြန်လျက်ရှိကာ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးထားကြောင်း သိရသည်။


MDN

akon up