မန္တလေး ၃၀ စက်တင်ဘာ
ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန် အသင်း(ဗဟို)နှင့် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးက ုဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို စက်တင်ဘာ၂၈ရက် နံနက်၉နာရီမှ ၁၁နာရီအထိ မန္တလေးခရိုင် အမရပူရမြို့နယ် တောင်သမန်ကျေးရွာအုပ်စုရှိ ရတနာပုံတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။
ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးကုဆရာဝန်များအသင်း(မန္တလေးတိုင်းဒေသကြီး)မှဒုတိယဥက္ကဌ ဒေါက်တာဝင်းနိုင်ကိုကိုနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များတက်ရောက်ကြပြီး ရတနာပုံတက္ကသိုလ် အတွင်းရှိခွေး ၈၃ ကောင်၊ စားသောက်ဆိုင်တန်းမှ ခွေး၃ကောင်၊ တောင်သမန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှ ခွေး ၁၅ ကောင်အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးပေးခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး တိရိစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့သည် ပြင်ဦးလွင် သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်တွင်လည်း ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးပေးခဲ့သည်။
သီဟကိုကို(မန္တလေး)


