မန္တလေး ၃၀ စက်တင်ဘာ
ကုသရေးဦးစီးဌာန၊ခုတင်(၅၅၀)ကလေးဆေးရုံကြီး(မန္တလေး)နှင့်New Hope Association တို့ပူးပေါင်း၍ အထွေထွေဖွံ့ဖြိုးမှုနောက်ကျသောကလေးများအတွက် ရာသီချိန် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးကျန်းမာရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ၂၉ရက် နံနက်၉နာရီက မန္တလေးချမ်းအေးသာစံမြို့နယ် ၂၇လမ်းနှင့်၂၈လမ်းကြား၊၆၆လမ်းရှိ ခုတင်(၅၅၀) ဆံ့ ကလေးဆေးရုံကြီးဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင်New Hope Associationမှအကြံပေးပုဂ္ဂိုလ်၊တိုင်းရင်းဆေးပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်(ငြိမ်း)ပါမောက္ခဒေါက်တာအောင်မြင့်ကအဖွင့်အမှာစကားပြောကြားပြီးကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေက သွေးလွန်တုပ်ကွေး ရောဂါကာ ကွယ်ကုသပေးနေမှုများကိုလည်းကောင်း၊New Hope Association ဥက္ကဌ ဒေါက်တာ သန်းထွန်းမြင့်က အထွေထွေဖွံ့ဖြိုးမှုနောက်ကျသောကလေးများပြုစုစောင့်ရှောက်ခြင်းတို့ကို ပြောကြားသည်။
ထို့နောက် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မြင့်ကြည်က ရာသီချိန် သွေးလွန်တုပ်ကွေး ရောဂါကာကွယ် ရေးကျန်းမာရေးအသိပညာပေး ဟောပြောပြီး ကလေးအထူးကု ဆရာဝန်ကြီးများက အထွေထွေဖွံ့ဖြိုးမှု နောက်ကျသော ကလေးများက ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးသည်။
သီဟကိုကို(မန္တလေး)


