ရန်ကုန် ၃၀ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊မလေးရှားဝိုင်အုပ်စု၊တိုက်ကြီး-ဖောင်ကြီး လမ်း၊လိပ်ကြည့်ကျေးရွာအနီး တောစပ်တွင် စက်တင်ဘာ(၂၉)ရက်က ဖက်ခူးရန်သွားသော ရွာသားများမှ စပါးကြီးမြွေကြီးတစ်ကောင်အား တွေ့ရှိရာ လူကိုရန်ပြု မည်စိုး၍ ဦးခေါင်းအား ဓားဖြင့်ခုတ်ဖြတ်ကာ ရွာသို့ သယ်ယူလာကြောင်း သိရသည်။
အဆိုပါစပါးကြီးမြွေကြီးသည် အလျား(၁၈)ပေရှည်လျားပြီး မြွေကြီး၏ ဝမ်းဗိုက်အား ခွဲစိတ်ကြည့်ရာ ဦးဂျို(၄)လက်မခန့်ရှိပြီး အလေးချိန်(၁၁)ပိဿာခန့်ရှိ ဂျီဖိုတစ်ကောင်တွေ့ရှိ ကြောင်း မြို့နယ်ပြန်ဆက်မှ သိရသည်။
မျိုးသန့်(ပြန်/ဆက်)



