ဘုတ်ပြင်း ၃၀ စက်တင်ဘာ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာဆောင်ရွက်ချက်များ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး သပြေခန်းမတွင်း ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်ချက်များနှင့်ဝန်ထမ်းများအနေဖြင့် ပြည်သူကို ဗဟိုပြု ပြုပြင်ပြောင်းလဲရေး၊ဒေသဖွံ့ဖြိုး တိုးတက်ရေးကိုအလေးထားဆောင်ရွက်ရန် အုပ်ချုပ်ရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးသသည့် အမြင် (၄)မြင်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများစာရေးဝန်ထမ်းများက အလေးထား ဆောင်ရွက်သွားကြရန် တရားဉပဒေ စိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် မိမိတို့ဒေသ ပြည်သူများသာမက သက်ဆိုင်ရာအထက်အဆင့်ဆင့်ကို ချိတ်ဆက် ဆောင်ရွက်ကြရန်နှင့် ပြည်သူဗဟိုပြုလုပ်ငန်းဆောင်ရွက်ရာတွင် အချိန်နှောက်နှေးကြံ့ကြမှု မရှိစေရေးအတွက် ဝန်ထမ်များအနေဖြင့် ဉပဒေ၊နည်းဉပဒေများ၊ သက်ဆိုင် ရာဌာန၏ ညွှန်ကြား ချက်များ လုပ်ထုံးလုပ်နည်းများနှင့်အညီးဆောင်ရွက်သွားကြရန်စသည့် ပြုပြင်ပြောင်းရေးနှင့် ပတ်သက် သည်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါ ထပ်ဆင့်ဆွေးနွေးပွဲသို့ ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


