နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု (၅)မှုကို ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


