ဖလမ်း          ၃၀      စက်တင်ဘာ    

 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဖလမ်းမြို့နယ်ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို စက်တင် ဘာ ၃၀ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဖလမ်းခရိုင်ဦးစီးမှူး ဦးမင်းအောင်က နိုင်ငံသားစိစစ် ရေးကတ်ပြားပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်လင်းပြောကြားသည်။

ထို့နောက် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ကာ သက်ဆိုင်ရာကျောင်းအုပ်ကြီး၊ အုပ်စုအုပ်ချုပ်ရေးမှူး များက လက်ခံရယူကြပြီး ဖလမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ထွမ်နွမ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာအထိ အခြေခံပညာ ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၄၇)ခု ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်

_DSC5676JPG