၃၀  စက်တင်ဘာ 

ကွမ်းစားခြင်းက အာရှကနေရာတော်တော်များများမှာရော နိုင်ငံတကာမှာ တော်တော်းလေးပြန့်နှံ့နေပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာဆိုရင် အသင့်ထုတ်ပိုးထားတဲ့ ကွမ်းထုတ်လေးတွေက ဥရောပ၊ အနောက်အမေရိကနဲ့ တစ်ကမ္ဘာလုံးနီးပါးမှာပြန့်နှံ့နေပြီဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်ပြောရမယ်ဆိုရင် ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာဟာ ကွမ်းစားတဲ့အလေ့အထကို တော်တော်လေးအကျင့်ဖြစ်နေကြ ပြီဖြစ်ပါတယ်။ ကဖင်း၊အရက်နဲ့နီကိုတင်းပြီးရင် ကွမ်းက စတုတ္ထမြောက်အစွဲလန်းစေဆုံးသောအရာအဖြစ်ရပ်တည်နေပါတယ်။

ကွမ်းစားတယ်ဆိုတဲ့နေရာမှာလည်း ကွမ်းရွက်ကြောင့်ထက် ကွမ်းသီးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာကပိုများပါတယ်။ ကွမ်းသီးကို အာရှနိုင်ငံတော်တော်များများမျာ စားသုံးကြပြီး ဆယ်ကျော်သက်တွေမှာပါကွမ်းသီးစားတဲ့နှုန်းတိုးလာနေပါတယ်။

ကွမ်းသီးမှာ ဆေးဘက်ဝင်တဲ့အာနိသင်အချို့လည်းရှိပါတယ်။ ကွမ်းသီးကို ကွမ်းသီးချည်းပဲ သီးသန့်စားသုံးနိုင်သလို ဆေးရွက်ကြီး၊ အခြားရောစပ်ထားတဲ့ ဆေးမှုန့်တွေ၊ကွမ်းသီးစိတ်တွေကို ကွမ်းရွက်ထဲထည့်ပြီးတော့စားသုံးတာမျိုးလည်းရှိပါတယ်။

ကွမ်းသီးကို schizophrenia လို့ခေါ်တဲ့ စိတ်ဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်သလို glaucoma လို့ခေါ်တဲ့ မျက်စိဝေဒနာကို ကုသရာမျာလည်းအသုံးပြုနိုင်ပါတယ်။ ကွမ်းသီးက အစာချေဖျက်မှုကိုလည်းကောင်းမွန်အောင် အထောက်အကူပြုပါတယ်။အချို့ကွမ်းသီးကို ပင်မအာရုံကြောစနစ် (CNS) ကိုတက်ကြွစေဖို့အတွက် အပန်းဖြေတဲ့ဆေးဝါးတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။

ဘာဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ။

ကွမ်းသီးမှာပါတဲ့ ဓာတုဗေဒဓာတ်တွေက ဦးနှောက်နဲ့ ပင်မအာရုံကြောရဲ့ အခြားအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

 မြင်သာတဲ့ ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတစ်ခုက သွားတွေကို အရောင်ပြောင်းစေတာနဲ့ ကွမ်းသီးကြောင့် လက်တွေမှာ အရောင်စွန်းတာတွေဖြစ်ပါတယ်။
ကွမ်းစားတာက ဆေးရွက်ကြီးတွေ မဂ္ဂနီဆီယမ်တွေမပါဝင်ရင်တောင်မှ အစာရေမြို ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ ကွမ်းသီးမှာပါတဲ့ alkaloids နဲ့ polyphenols တို့ကကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။

 ကွမ်းစားပါများတဲ့အခါ ခရိုမိုဆုန်းတွေ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်နိုင်ခြေများလာပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြကိုပုံမှန်ထက်ပိုများစေပါတယ်။ ကွမ်းစားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ထုံးနဲ့ကွမ်းသီးတို့ပေါင်းစုသွားတဲ့အခါမှာလည်း ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို တိုးလာစေပါတယ်။

ကွမ်းစားတဲ့အခါမှာပါတဲ့ ကွမ်းသီးကသွားဖုံးတွေကို ထိခိုက်စေပြီး ခံတွင်းအနာတွေကိုဖြစ်စေပါတယ်။ ကွမ်းသီးက သွားဖုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။

ကွမ်းသီးမှာပါတဲ့ စိတ်တက်ကြွစေတဲ့ဓာတ်က ကဖင်းနဲ့နီကိုတင်းတို့မှာပါတဲ့ဓာတ်တွေနဲ့ တူပြီးစွဲလမ်းစေတတ်ပါတယ်။ ကွမ်းသီးစားလိုက်တဲ့အခါ စိတ်တက်ကြွမှုနဲ့စွမ်းအင်ပြည့်ဝ သွားသလိုမျိုးခံစားလိုက့်ပြီး ထပ်ကာထပ်ကာစားချင်စိတ်ဖြစ်လာနိုင်ပါတယ်။

ကွမ်းစားတာကြောင့် စကားပြောဆိုရာမှာအခက်ကြုံတာ၊ အပူဒဏ်၊အအေးဒဏ်နဲ့ အရသာပြင်းတာတွေကို ခံနိုင်စွမ်းလျေ့ကျတာ၊ သွေးတိုးတာ၊ စိတ်ဂနာမငြိမ်တာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်ဖိစီးတာ၊ အာရုံစိုက်နိုင်စွမ်းလျော့နည်းလာတာ။ ကောင်းကောင်းအိပ်မပျော်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါမှာအသုံးပြုတဲ့ဆေးတွေကို ကွမ်းနဲ့ကွမ်းသီးစားသုံး တာကိုဖြတ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

ကွမ်းစားတာကြောင့် ကျန်မးာရေးကိုထိခိုက်စေတဲ့အချက်တွေအများကြီးရှိပေမယ့်လည်း ကွမး်ဝါးတာကြောင့် ရနိုင်တဲ့အကျိုးကျေးဇူးလေးတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ ခံတွင်းခြောက် နေမယ်ဆိုရင် ကွမ်းဝါးလိုက်ပါ။ ကွမ်းမှာပါတဲ့ ကွမ်းသီးက တံတွေးထွက်စေနိုင်တာ ကြောင့် ဆီးချိုကြောင့်ဖြစ်တဲ့ခံတွင်းခြောက်တာကိုလည်းသက်သာစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ စားပေးသင့်ပါတယ်။

ကွမ်းကိုအကြာကြီးငုံထားတာမျိုး၊ အများကြီးစားတာမျိုးက မကောင်းပါဘူး။ကွမ်းသီးမှာပါတဲ့ ဓာတုဓာတ်အချို့က ကင်ဆာဖြစ်စေနိုင်ပြီး အချို့ အဆိပ်ဖြစ်စေပါတယ်။

ကွမ်းသီး ၈ ဂရမ် ကနေ ၃၀ ဂရမ်အထိစားသုံးမယ်ဆိုရင်သေစေနိုင်ပါတယ်။ ကွမ်းဝါးတာက ပါးစပ်၊နှုတ်ခမ်းတွေကို နီစေတဲ့အပြင် ဝမ်းတွေကိုလည်းအနီရောင်ပြောင်းစေပါတယ်။ ကွမ်းစားရာမှာပါတဲ့ ကွမ်းသီးက အော့အန်တာ၊ဝမ်းလျှောတာ၊သွားဖုံးတွေမှာ ရောဂါဖြစ်တာ၊ တံတွေးအထွက်များတာ၊ ရင်ဘတ်အောင့်တာ၊နှလုံးခုန်မမှန်တာ၊သွေးပေါင်ကျတာ၊အသက်ရှုနှုန်းနှေးတာ၊ အသက်ရှုနှုန်းမြန်တာ၊ရုတ်တရက် နှလုံးရပ်တာ၊ကိုမာ ဝင်တာနဲ့ သေဆုံးတဲ့အထိဖြစ်တာမျိုးတွေ ကိုဖြစ်ပေါ်စေပါတယ်။

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ကွမ်းနဲ့ကွမ်းသီးစားတာမျိုးတွေမလုပ်သင့်ပါဘူး။  ကင်ဆာဖြစ်တာနဲ့ အဆိပ်အတောက်ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ကွမ်းသီးက ပင်မအာရုံကြောစနစ်ကိုထိခိုက်စေပြီး ကိုယ်ဝန်ဆောင်တွေကို အန္တရာယ်ရှိစေနိုင်ပါတယ်။ ကွမ်းသီးမှာပါတဲ့ ဓာတုဓာတ်တွေက နို့ကနေတဆင့် ကလေးဆီကိုရောက်သွားနိုင်ပြီး ကလေးကိုထိခိုက်စေနိုင်ပါတယ်။

ကွမ်းစားတာက ပန်းနာရင်ကျပ်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။

ကွမ်းယာမှာပါတဲ့ ကွမ်းသီးက နှလုံးခုန်နှုန်းကိုနှေးစေနိုင်တာကြောင့် နှလုံးခုန်နှုန်းနှေးတဲ့ အခံရှိသူတွေမှာ ပိုမိုဆိုးရွားစေပါတယ်။

အူလမ်းကြောင်းတွေကို ပိတ်ဆို့စေတာမျေိုးတွဖြစ်စေနိုင်ပါတယ်။

အစာအိမ်နဲ့အူလမ်းကြောင်းတွေမှာ အနာတွေဖြစ်စေနိုင်ပြီး ရှိပြီးသားအနာတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

ကွမ်းစားတာက အဆုတ်ထဲမှာရေတွေစုစေပါတယ်။

ကွမ်းသီးက အတက်ရောဂါကို ပိုဆိုးစေပါတယ်။

ကွမ်းစားတာက ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း (Urinary tract obstruction) ကိုဖြစ်စေပါတယ်။

ကွမ်းစားတာက ဆီးချိုနဲ့နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

ကွမ်းစားတာကြောင့် ဆဲလ်တွေထဲက ဒီအန်အေကို ပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ ကွမ်းစားတဲ့ အချိန်ကာလအတိုင်းအတာနဲ့ စားသုံးတဲ့ပမာဏပေါ်မူတည်ပြီး ခံတွင်း၊ လည်ချောင်းနဲ့ အစာရေမြိုကင်ဆာတွေ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ကွမ်းနဲ့ကွမ်းသီးက အတန်အသင့်ပမာဏလောက်စားသူံးရင် ကျန်းမာရေးအတွက်ကောင်းကျိုး ရနိုင်တယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ ပြင်းထန်တဲ့ဆိုးကျိုးတွေကို ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကွမ်းယာနဲ့ကွမ်းသီးကိုစားသုံးရတာ နှစ်သက်သူတွေအနေနဲ့လည်း ချင့်ချိန်စားသုံးနိုင်စေလိုပါတယ်။

ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Kaung Thar

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”