နေပြည်တော်  ၃၀   စက်တင်ဘာ

 

ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးသည် ဥရောပသမဂ္ဂ ရင်းနှီးမြှပ်နှံမှုဘဏ် (EIB)မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ဌာနမှူး Ms. Angela Marcarino Paris နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစီမံကိန်း၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တိုးတက်စေရေးအတွက် မြန်မာနိုင်ငံ၏ ဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၊ ဥရောပသမဂ္ဂ ရင်းနှီးမြှပ်နှံမှုဘဏ် (EIB)မှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်နည်းပညာ အကူအညီပေးရေးအတွက် လိုအပ်သည့် ဥပဒေရေးရာကိစ္စရပ်များနှင့် ပြည်တွင်း လုပ်ထုံးလုပ်နည်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

(သတင်းစဉ်)