မြိတ်   ၃၀  စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် T.S.D.P အစီအစဉ်ဖြင့် မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် အဖြူရောင် ကလပ်အသင်းနှင့် လိမ္မော်ရောင် ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲချိန်ပြီးဆုံးသည်အထိ ဂိုးမရှိ သရေကျခဲ့သဖြင့် ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် လိမ္မော်ရောင် ကလပ်အသင်းက ()ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ပထမဆုရရှိသော အသင်းနှင့် ဒုတိယဆုရရှိသော အသင်းတို့မှ အားကစားသမားများအား လည်ဆွဲဆု၊ ငွေသားဆုတို့ကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော အသင်းအား မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို မြို့နယ် အားကစားနှင့် ကာယပညာကော်မတီနှင့် မြို့နယ် ဘောလုံးအဖွဲ့ချုပ် တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ()အသင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကာ စက်တင်ဘာ ၁၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)