ရန်ကုန် ၁ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရွှေသံလွင် ဘိုးဘွား ရိပ်သာတွင် ၂၀၁၉ ခုနှစ်၊အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့ နံနက်၉ နာရီက ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်ကိုက သက်ကြီးရွယ်ရွယ်အိုဘိုးဘွားများအား ကျန်းမာ ကြပါစေကြောင်း စုတောင်းမေတ္တာပို့သပြီး ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်ဖြစ်သော "အသက်ကြောင့်မခွဲခြား တို့ဘိုးဘွား စွမ်းအားတူညီ လျှောက်လှမ်းမည်" ဟူသည်နှင့်အညီ အဘိုးအဘွားများအား လူတိုင်းသားသမီးတိုင်းမှ စောင့်ရှောက်ကူညီပေးရန်မှာ လူသားအားလုံးတာဝန်တစ်ခုဖြစ်သည်ဟု ခံယူပါကြောင်း အဖွင့်စကားပြောသည်။

 

၄

 

အခမ်းအနားသို့ တက်ရောက်လာသော ဂုဏ်ပြုကန်တော့ခံ အဘိုးအဘွားများအား ခရိုင်အုပ်ချုပ် ရေးမှူး နှင့်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းကြပြီးနောက် အဘိုးအဘွားများအားစုပေါင်းကန်တော့ကြသည်။

 

ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘွားတစ်ဦးက ကျေးဇူးတင်စကားနှင့် စုမွန်ကောင်းများ ပေးသည်။

 

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ရွှေသံလွင်ဘိုးဘွားရိပ်သာမှအဘိုးအဘွားများနှင့် သက်ကြီးဘိုးဘွားများအား ဆေးဝါးများနှင့်ငွေသား စုစုပေါင်း(၃၆)သိန်းကျော် လှူဒါန်း ကန်တော့ခဲ့ကြသည်။

 

သိမ်းစိုး(ဆိပ်ကမ်း)