ရေး      ၁ အောက်တိုဘာ

 

 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ရေးမြို့နယ် အိမ်တွင်းမှု သင်တန်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းကို နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။

 

 

အဆိုပါ သင်တန်းတွင် အခြေခံနှင့် အဆင့်မြင့် သင်ခန်းစာများကို တစ်ပေါင်းတည်း သင်ကြားပေး မည်ဖြစ်ပြီး စက်ချုပ်ပညာ အမှန်တကယ် သင်ကြားတတ်မြောက်လိုသူများအတွက် အခွင့်လမ်းကောင်းများ ဖြစ်ကြောင်း ရပ်ဝေးမှ သင်တန်းသူများအား အဆောင်များ ထားရှိပေးပြီး စားစရိတ်များနှင့် သင်ထောက်ကူပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ (၁၃-၁၁-၂၀၁၉) မှ (၁၃-၃-၂၀၂၀)ထိ (၁၈)ပတ်ကြာ မြင့်မည်ဖြစ်ကြောင်း သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမော်ထံမှ သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)