မကွေး ၁  အောက်တိုဘာ

 

 

မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည့် မကွေးတိုင်း၊ မကွေးမြို့မှ မြသလွန် စေတီတော်မြတ်ကြီးအား ဒေသထွက်ပဲဆီ၊ နှမ်းဆီ ပိဿာချိန်ပေါင်း (၂၃၀) အသုံးပြု၍ သီတင်းကျွတ် လပြည့်နေ့တွင် ဆီမီးကိုးထောင် ထွန်းညှိပူဇော် သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

 

1

 

 

 

စေတီတော်ရင်ပြင်၏ အနောက်ဘက်နံရံ လှေခါးထစ်များပေါ်တွင် မြေသားဆီမီးခွက်များကို အတန်း လိုက်စီ၍ အစဉ်အလာမပျက် ပူဇော်သွားမည်ဖြစ်ပြီး ပူဇော်ပွဲကို မဟာအတုလရံသီ တန်ဆောင်းတော်ကြီး၌ ပြုလုပ်ရန် စီစဉ်ထားသည်။

 

 

“နှစ်ပေါင်း ၃၀ အတွင်းမှာ မိုးလေဝသဖျက်တာ နှစ်ခါကြုံဖူးတယ်။ လပြည့်နေ့အစား လကွယ်နေ့ကို ပြောင်းပြီး ပူဇော်ခဲ့ရတာမျိုး ရှိခဲ့ဖူးတယ်။ မတော်တဆ မိုးဖျက်လေဖျက် ကြုံလာရင် ပူဇော်ပွဲမပျက်ဖို့ စီစဉ်ထားပါတယ်။ ဆီမီးရအောင်ထွန်းမယ်။ လျှပ်စစ်မီးနဲ့ပူဇော်ဖို့လည်း အရံအစီအစဉ် လုပ်ထားပါတယ်” ဟု မြသလွန်ဂေါပက အတွင်းရေးမှူး(၂)ဦးဝင်းနိုင်တင် က ပြောသည်။

 

                                   

သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးကိုးထောင်၊ ပန်းကိုးထောင် လှူဒါန်းပူဇော်မှုများ နှစ်စဉ်လုပ်ဆောင်မြဲဖြစ်ပြီး ယခုနှစ်တွင် ကျရောက်သည့် ၂၅၈၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၁ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက် (အောက်တိုဘာလ ၈ ရက်နေ့) မှ သီတင်းကျွတ်လကွယ်နေ့ (အောက်တိုဘာ ၂၇ ) ရက်နေ့ထိ ရက်(၂၀)ကြာ ကျင်းပသွားမည်ဖြစ်သည်။

 

 

ဇေယျတု(မကွေး)