ပြင်ဦးလွင် ၁  အောက်တိုဘာ   

 

 

၂၀၁၉ - ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီက၊ ရပ်ကွက်ကြီး (၁၁)၊ မဟာအံ့ထူးကံသာဘုရားကြီးအနီး၊ ချယ်ရီမြေဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ  လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အဘိုး၊ အဘွားများနှင့် အလှူရှင်မိသားစုများ တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးပါစည် မှ အဖွင့်အမှာစကား ပြောကြားပြီး အသက်ကြောင့် မခွဲခြား တို့ဘိုးဘွား၊ စွမ်းအားတူညီ လျှောက်လှမ်းမည် ဆောင်ပုဒ်နှင့်အညီ သက်ကြီးကန်တော့ခံ အဘိုး (၅) ဦး၊   အဘွား (၁၁) ဦးတို့အား လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များမှ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး  ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘွား ဒေါ်နန်းနန်း (ခေါ်) ဒေါ်တင်တင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)