ပဲခူး ၁ အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်ပိုင်းက (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှချမှတ်ထားသည့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းကောင်းမွန်မှု၊ သစ္စာစောင့်သိမှု၊ စည်းလုံး ညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှု စသည့်စံ(၅)ရပ်ကို လက်ကိုင်ထားပြီး ဆောင်ရွက်သွားကြရန်၊ ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ပြည်သူလူထုအခြေပြု ရဲလုပ်ငန်းစနစ်ကိုလည်း ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒါမှသာ ပြည်သူများယုံကြည်အားကိုးရသည့် ရဲတပ်ဖွဲ့ကြီးအဖြစ် ဝင့်ထယ်စွာ နေရာယူလာနိုင်မှာဖြစ်ကြောင်း၊ သစ္စာ၊ သမာဓိ၊ သတ္တိပြည့်ဝသည့် တပ်ဖွဲ့ဖြစ်သည်နှင့်အညီ မိမိတို့၏လုပ်ပိုင်ခွင့်များ၊ ဥပဒေများနှင့်ပြည်သူလူထုကို ကာကွယ်ပေးကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့သည့် သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုး၊ ယာယီရဲမှုးချုပ်မြင့်ဦးက ဖတ်ကြားသည်။

 

IMG_5416

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းဖြစ်စဉ်များအပေါ် အချိန်တိုကာလအတွင်း စွမ်းစွမ်းတမံ ဖမ်းဆီးဖော်ထုတ်နိုင်သည့် တပ်ဖွဲ့ဝင်များနှင့် မူခင်းဖြစ်ပွားမှုများတွင် စုံစမ်းဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့သည့် တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင်ကူညီပေးသူများအား ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်နှင့် ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် မြင့်ဦးတို့က ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ပေးကြပြီး ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဆောင်ရွက်မှုဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး မှတ်တမ်းဓာတ်ပုံ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ပဲခူး) ဆောင်ရွက်မှုမ ှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါး တားဆီးနှမ်နင်းရေးရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုဓာတ်ပုံများ၊ မူးယစ်ဆေးဝါး အသိပညာပေးဆောင်ရွက်မှုများကို ပြသထားသည့် ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

 

IMG_5429

 

ပဲခူးတိုင်းဒေသကြီးအတွင်း အမှုကြီးဖြစ်ပွားမှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂၅) ရက်နေ့အထိ ကြိုတင်ကာကွယ်မှု (၂၃၈၆၀) မှု၊ အခြားအမှု (၆၅၃၂) မှုနှင့်  အမှုကြီး (၂၇၁) မှုကိုစုံ စမ်းဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး မူးယစ်ဆေးဝါး (၁၂၃) မှု၊ ကျားတရားခံ (၁၁၉) ဦး၊ မတရားခံ (၂၈) ဦး၊ ဆေးခြောက် (၁၈၅၃.၆၃) ဂရမ်၊ စိတ်ကြွဆေးပြား (၁၀၂၃၇၆၇.၈၈) ပြား၊ (အကြေ+ရေစို) အခဲ (၃၂.၅) ဂရမ်၊ ကတ်တမင်း (၁၈၀၀၀) ဂရမ်၊ ဘိန်းဖြူ (၁၈၇၀၄) ဂရမ်၊ ဘိန်းစိမ်း (၄၇၀၀၀) ဂရမ်၊ ICE (၂၅၀၁၅) ဂရမ်၊ စုစုပေါင်းကာလတန်ဖိုး (၅၀၄၉၃၆၁၀၅၉) ကျပ် ဖမ်းဆီးအရေးယူနိုင်ခဲ့သည့်အပြင် လူကုန်ကူးမှု(၉)မှုကိုလည်း စုံစမ်းဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းနိုင်နှင့် ဦးစီးအရာရှိ ပထမတန်း (ဦး/ရေး/ထောက်) ဒုတိယရဲမှူးကြီး ဇော်မင်းအောင်တို့က ပြောကြားကြောင်းသိရသည်။

တင်စိုး(ပဲခူး)