ကော့သောင်း ၁   အောက်တိုဘာ

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက် ၊ နံနက် (၉) နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး အဖွင့်အမှာစကားပြောကြားသည်။

အစီအစဉ်အရ      မြန်မာနိုင်ငံရဲတပ်ဖွဲ့၊        ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ထံမှ ပေးပို့သော      (၅၅) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီးမျိုးထွန်းဦး ကဖတ်ကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် တာဝန်ရှိသူများက  (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ရဲတပ်ဖွဲ့လုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင်ဆောင်ရွက် ပေးခဲ့ကြသည့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  ရဲတပ်ဖွဲ့၏ လူမှုရေးလုပ်ငန်းများတွင် အကူအညီပေးခဲ့ကြသည့် ပြည်သူများ၊ နှင့် စည်းကမ်းထိန်းသိမ်းရေးဆုရ တပ်ဖွဲ့ဝင်မိသားစုများ အထိမ်းမှတ်နေ့ ဂုဏ်ပြုဆု နှင့်လက်ဆောင်ပစ္စည်း များ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ခင်းကျင်းပြသခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ဇော်၊ ကော့သောင်းခရိုင် ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း ၊ ခရိုင် နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး  နှင့် ရဲအရာရှိများ၊ တပ်ဖွဲ့ဝင်များ မိသားစုများ၊ ဌာနဆိုင်ရာများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ၊ရပ်ကွက် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ ၂၀၀ ခန့်  တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)