ဘားအံ    ၁  အောက်တိုဘာ

 

ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှကြီးမှူး၍ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးထံမှ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဖတ်ကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ရဲလုပ်ငန်းစွမ်းဆောင်ရည်ဆုရရှိသူများ၊ ရဲတပ်ဖွဲ့နှင့် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှု့ခဲ့ကြကာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)